Main menu

ရွှေဘိုဈေးကွက်တွင် ပဲစဉ်းငုံနီဈေးဆက်လက်မြင့်တက်နေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မတ်လ၊ လကုန်ပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ၊ လကုန်ပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လလကုန်ပတ်၌ ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၅၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၁၀)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံနီတစ်တင်းလျှင် (၄၄၀၀ဝိ/-) ပေါက်ဈေး ရှိခဲ့ပြီး ယခင်အပတ်၌ ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၄၀၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၃၁၀၀ဝိ/-) ဈေးပိုခဲ့ပြီး   ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင် (၁၀၀ဝိ/-) ဈေးပိုခဲ့ကြောင်းနှင့် ယခုနှစ်တွင် ပဲစဉ်းငုံရောင်းဈေးနှုန်းများ ကောင်းသဖြင့် တောင်သူများမှလည်း တွက်ခြေကိုက်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)