၂၀၂၃ ခုနှစ် မတ်လ နောက်ဆုံးပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၄၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ် (၃၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၆၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ချင်း တက်တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက် (၁၂၀၀၀) ကျပ် မှ (၁၃၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀)ကျပ်တို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၂၅၀) ကျပ်၊ သေးတစ်လုံး (၂၀၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀) ကျပ်၊ သေးတစ်လုံး (၃၀၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ (၁၁၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်မှ (၁၈၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
မတ်လ နောက်ဆုံးပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ငရုတ်ခြောက်တစ်ပိဿာ ဈေးနှုန်းမှာ (၁၀၀၀) ကျပ်၊အာလူးတစ်ပိဿာ ဈေးနှုန်း (၁၀၀) ကျပ် ဈေးကျလျက်ရှိကြောင်းနှင့် အခြားအခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)