မကွေးမြို့၊ မြို့မစျေး၌ ဧပြီလ(ပထမပတ်)တွင် ရောင်းဝယ်ဖောက်ကားနေသော စားဖိုဆောင်သုံးစျေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ် (၂၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၆၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာ လျှင် ကျပ်(၄၇၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၅၅၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ် (၄၅၀-၅၀၀)၊ ငါးပိ(၁)ပိဿာလျှင် ကျပ်(၄၀၀၀-၅၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီးခြောက်အရှည်(၁)ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ ငရုတ်သီးအကြမ်းမှုန့်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၁၈၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ်(၃၅၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀- ၁၈၀၀၀)နှင့် ငါး(၁)ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀-၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရပါသည်။
စားသုံးဆီဈေးနှုန်းမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀) နှင့်စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၇၂၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)