မုံရွာမြို့တွင် ငါးဒိုင်မှ ငါးများကို ရန်ကုန်နှင့်မန္တလေးမြို့တို့မှ ဝယ်ယူ၍လက်လီလက်ကား ရောင်းချလျက်ရှိကြောင်း၊ ငါးများကို သင်္ကြန်အခါရောက်ရှိလာမည်ဖြစ်၍ မုံရွာမြို့ပေါ်အပြင် အထက် ချင်းတွင်း ဟုမ္မလင်း၊ ကလေးဝ၊ နန့်တောရေကြောင်းတစ်လျှောက် ရောင်းချရကြောင်း၊ တစ်နေ့လျှင် ငါး၊ ပုဇွန် ပိသာချိန်ပေါင်း ၁၀၀၀ ကျော်ရောင်းချရကြောင်း၊ ပုဇွန်သေးစျေးနှုန်းမှာ ယခင် တစ်ပတ် (၂၃၀၀၀)ကျပ် ယခုတစ်ပတ်( ၂၅၀၀၀)ကျပ် စျေးမြင့်တက်ခဲ့မှုရှိခဲ့ကြောင်း စျေးအတက်အကျမှာ အရောင်းအဝယ်ပေါ်မူတည်၍ အပြောင်းအလဲ အနည်းငယ်ရှိကြောင်း သိရှိရပါသည်။
ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်လျက်ရှိသော မုံရွာငါးစျေးနှုန်းများမှာ ငါးကြင်းဖြူ(ဗိုက်လုံး) တစ်ပိသာလျှင်(၂၃၀၀၀)ကျပ် ငါးကြင်းဖြူ(ဗိုက်ခွဲ)တစ်ပိသာလျှင် (၂၅၀၀၀)ကျပ်၊ ပုဇွန်ကြီးတစ်ပိသာ လျှင် (၄၅၀၀၀)ကျပ်၊ ပုဇွန်သေးတစ်ပိသာလျှင် (၂၅၀၀၀) ကျပ်၊ ငါးဖယ်ခြစ် တစ်ပိသာလျှင် (၃၂၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိသာ(၈၀၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)