ကျောက်မဲမြို့၊ (၈)ရပ်ကွက်၊ ကုန်းမုံရပ်ရှိ ကြယ်ဖြူတံဆိပ်ဖြင့် ထုတ်လုပ်နေသည့် ဆန်ခေါက်ဆွဲလုပ်ငန်းသို့ (၃.၄.၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍သွားရောက်လေ့လာခဲ့ကြရာ၌ ဆန်မှ စားသောက်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်မှုအခြေအနေများကို လေ့လာမှတ်သားသိရှိခဲ့ရသည်။
ဆန်မှ ဆန်ခေါက်ဆွဲအဖြစ် ပြောင်းလဲထုတ်လုပ်ရာတွင် ငစိန်ဆန်တစ်မျိုးကိုသာ အသုံးပြု ကြောင်း သိရပြီး ဆန်များကို ပြွန်တန်ဆာမြို့ရှိ ဆုပိုင်(ဆန်စက်)မှ မှာယူကြောင်းသိရသည်။ နံနက်ပိုင်းတွင် ဆန်များကို ရေဆေး၍ ညနေပိုင်းတွင် စိမ်ထားသည့် ဆန်များအား ကြိတ်ပါကြောင်း၊ ကြိတ်ပြီးရရှိလာသည်များကို အရည်စစ်၍ ကျန်ရှိသည့် အနှစ်များအား နှစ်ကြိမ်ခန့် ပြန်လည်ပေါင်းပြီးနောက် စက်ဖြင့် အပြားဆွဲ၊ အမျဉ်းဆွဲကာ နေလှမ်း၍ အခြောက်ခံပြီးလျှင် ဆန်ခေါက်ဆွဲများကိုရရှိကြောင်း သိရသည်။
လုပ်သားငှားရမ်းခအနေဖြင့် စားရိတ်ငြိမ်း ကျွမ်းကျင်အဆင့် တစ်ဦးလျှင် (၂၀၀၀၀ဝိ/-)ဖြစ်ကြောင်းနှင့် သာမန်လုပ်သားတစ်ဦးလျှင် (၁၅၀၀၀ဝိ/-)ဖြစ်ကြောင်း၊ ကြယ်ဖြူအမှတ်တံဆိပ် ခေါက်ဆွဲခြောက်(ရေစိမ်)၏ ဈေးကွက်များမှာ ကျောက်မဲမြို့အပါအဝင် နမ့်ခမ်း၊ လားရှိုး၊ နမ္မတူနှင့် မူဆယ်မြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ငစိန်ဆန်(၅၂၀၀ဝိ/-)တအိတ်လျှင် ဆန်ခေါက်ဆွဲခြောက်(ရေစိမ်) (၈)ဖာခန့် ထွက်ရှိကြောင်း၊ ဆန်ခေါက်ဆွဲ(၁)ဖာလျှင် အထုပ်(၂၀)ပါဝင်ကြောင်းနှင့် (၁)ဖာဈေးနှုန်းသည် (၉၀၀ဝိ/-) ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆန်(ကုန်ကြမ်း)မှ ဆန်ခေါက်ဆွဲ(ကုန်ချော)အဖြစ် ပြောင်းလဲထုတ်လုပ်၍ ဈေးကွက်အတွင်း တွင်ကျယ်စွာ ဖြန့်ဖြူးရောင်းချခြင်းဖြင့် ကြယ်ဖြူအမှတ်တံဆိပ် ဆန်ခေါက်ဆွဲခြောက် (ရေစိမ်)လုပ်ငန်းမှာ အဆင်ပြေလျက်ရှိကြောင်းလည်း သိရှိရသည်။
DOCA(ရှမ်း)