စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း၊ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။
ကန့်ဘလူပွဲရုံများအနေဖြင့် မတ်လနှင့် ဧပြီလဆန်းပိုင်းတို့တွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပဲစဉ်းငုံ (အနီ) (၁၅၀၀၀)တင်း/(၄၉၀)တန် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးနှုန်းမှာတစ်တင်းလျှင် (၇၅၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ပဲစဉ်းငုံ (အဖြူ)(၄၅၀၀)တင်း/(၁၄၇)တန် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးနှုန်းမှာ တစ်တင်းလျှင်(၇၂၀၀၀)ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း၊ ကုလားပဲ အမျိုးအစား (၄)မျိုးရှိပြီး v2 အမျိုးအစား (၆၀၀)တင်း/(၁၈.၇၀)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၆၀၀၀)ကျပ်နှုန်း ၊ v7အမျိုး အစား(၂၀၀)တင်း/(၆.၂၄)တန်ဈေးနှုန်း တစ်တင်းလျှင် (၆၅၀၀၀)ကျပ်နှုန်း၊ ထိုင်ဝမ် အမျိုးအစား (၈၀၀)တင်း/(၂၄.၅)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၄၀၀၀)ကျပ်နှုန်း၊ 929အမျိုးအစား တင်း(၂၀၀၀) /တန်(၆၁.၂၇)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၅၀၀၀)ကျပ်နှုန်း ပေါက်ဈေးရှိပြီး၊ မတ်ပဲ တင်း(၄၀၀၀) /တန်(၁၃၀) ဈေးနှုန်း တစ်တင်းလျှင်(၆၄၀၀၀)ကျပ်နှုန်း ၊ ပဲတီစိမ်း တင်း(၁၀၀)/တန်(၃.၀၆) ဈေးနှုန်းမှာ အလုံး အကြီးတစ်တင်းလျှင်(၅၀၀၀၀)ကျပ်၊ အလုံးသေး တစ်တင်းလျှင်(၄၈၀၀၀)ကျပ် ပေါက်ဈေးရှိပြီး မတ်လဝက်လောက်မှစပြီး နေကြာများ စတင်ဝင်ရောက်လာပြီး ယခုထိနေကြာ တင်း(၃၀၀)/(၄.၄၁)တန် ဈေးနှုန်းမှာ(၃၄၀၀၀)ကျပ် ပေါက်ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထွက်ရှိသော သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)