သလဲသီးကို ရုက္ခဗေဒအမည်အရ Pomegranate ဟုခေါ်ဆိုပြီး သလဲပင်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မြေထဲပင်လယ်ဒေသတွင် စတင်စိုက်ပျိုးခဲ့ကြပါသည်။ သလဲသီးကိုလည်း ဆေးဖက်ဝင်သစ်သီးဝလံအနေဖြင့် စားသုံးခဲ့ကြပါသည်။ သလဲပင်၏ ပင်စည်သည်ကိုင်းဖြာမှုရှိပြီး သေးငယ်သောဆူးများလည်း ရှိပါသည်။ လွန်းပုံသဏ္ဍာန် အရွက်များရှိပါသည်။ ရွက်ထိပ်ချွန်ပြီး အနီရောင်ပန်းပွင့်များလည်း ပွင့်ပါသည်။ သလဲသီးတွင် အမျှင်ဓါတ်၊ရေဓါတ်နဲ့ ကျန်းမာရေးကိုအကျိုးပြု အထောက်ကူပေးတဲ့ ဒြပ်ပေါင်းများစွာပါ ဝင်ပါသည်။ သလဲသီးတွင် ဗီတာမင်ဘီ၊စီ၊အီး၊ကေနဲ့သံဓါတ်၊ပိုတက်ဆီယမ်ဓါတ်စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များစွာလည်း ပါရှိပါသည်။ သလဲသီးတွင် ကင်ဆာရောဂါဖြစ်ပွား နိုင်ခြေကိုလျှော့ချနိုင်ခြင်းနှင့် သလဲသီးတွင် Antioxidant (ခေါ်) ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါသည်။ သလဲသီးသည်သွေးကြောမှတစ်ဆင့် ကင်ဆာဆဲလ်များဆီသို့ ထောက်ပံ့နေသည် အာဟာရဓာတ်များကို ဖြတ်တောက်ခြင်းအားဖြင့် ကင်ဆာဆဲလ်တွေပွားများမှု ပျံ့နှံ့မှုကို လျှော့ချပေးပါသည်။ သလဲသီးအစေ့အရောင်နီရဲနေခြင်းဟာ Polyphenol ဆိုတဲ့ ဓာတ်ပစ္စည်းကြောင့် ဖြစ်ပါသည်။ အဆိုပါဓာတ်ပစ္စည်းသည် အာနိသင်ကောင်းမွန်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်သောကြောင့် သလဲသီးဖျော်ရည်သည် အခြားအသီးဖျော်ရည်များထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုအတော်များပါသည်။ သလဲသီးသည်ဝိုင်နီနှင့် green tea ထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းသုံးဆပိုမိုပါဝင်ပြီး သလဲသီးတွင်ပါဝင်သော ဓာတ်တိုးဆန့် ကျင်ပစ္စည်းများကြောင့် ခန္ဓာကိုယ့်၏ဆဲလ်များအား ထိခိုက်ပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးပါသည်။ သလဲသီးတွင်အဆစ်ရောင်ခြင်းကိုသက်သာစေခြင်း၊ နှလုံးရောဂါဖြစ်နိုင် ခြေကို လျော့နည်းစေခြင်း၊ သွေးပေါင်ချိန်ထိန်းနိုင်ခြင်း၊ ဗီတာမင်စီကြွယ်ဝခြင်း၊ သလဲသီးကို ပုံမှန်စားသုံးပါကစိတ်ဖိစီးမှုများသည် အခါထွက်တက်သည် ခန္ဓာကိုယ်အတွက်ကောင်း ကျိုးမပေးသည် ကော်တီဇော ဆိုသည်ဟော်မုန်းပမာဏကို နည်းပါးစေပါသည်။ ထိုအပြင် ဝမ်းကိုက်ရောဂါနှင့် ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်သည် ပိုးများကိုပါသေစေနိုင်သော အာနိသင်ရှိပြီး သန်ကျစေတဲ့အာနိသင်ပါရှိပါသည်။ သလဲသီးကိုဆီးချိုရောဂါရှိသူများပါစားသုံးနိုင်ပါသည်။ သလဲသီးဖျော်ရည်မှာပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းကိုသက်သာစေပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သည်ဟုသိရပါသည်။ သုတေသန တွေ့ရှိချက်တခုအရ သလဲသီးဖျော်ရည်( ၈ )အောင်စကို နေ့စဉ်သောက်ပေးပါကသင်ယူမှုစွမ်းရည်နှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာတွင် တိုးတက်လာစေနိုင်သည်ဟု သိရပါသည်။ သလဲသီးသည်အရသာရှိသည်အပြင် အကျိုးကျေးဇူများစွာပါရှိ သောအသီးလည်းဖြစ်ပါသည်။ သလဲသီးသည် နှလုံးအားကောင်းစေပြီး လူခန္ဓာကိုယ်တွင်ရောဂါဖြစ်နိုင်ချေကို လျော့ချပေးတာအထိ အသုံးဝင်မှုများစွာရှိသည်အတွက် သလဲသီးကို လူတော်တော်များ ကြိုက်နှစ်သက်သောအသီးဖြစ်ပါသည်။ သလဲသီးသည် ကျန်းမာရေး အကျိုးကျေးဇူးများအပြင် အသားရေအတွက်လည်း အစွမ်းထက်တဲ့အသီးဖြစ်ပါသည်။ အသားရေကို လှပတင်းရင်းစေသည့်အပြင် အိုမင်းရင့်ရော်မှုကို နှေးကွေးအောင်လုပ်နိုင်ပါသည်။ သလဲသီးကိုအသားရေပြဿနာတွေ အဆုံးသတ်သွားစေဖို့အတွက် အသားရေထိန်းသိမ်းနည်းအဖြစ် အသုံးပြုနိုင်ပါသည်။ ထိုကြောင့် သလဲသီးတွင် ခန္ဓာကိုယ့်အတွက် အထောက်အကူပြုနိုင်သောကောင်းကျိုးများစွာရရှိနိုင်သောကြောင့် သလဲသီးကို စားသုံးပေးရန် လိုအပ်ပါသည်။
DOCA(ကယား)