စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို ကုန်းသာကျေးရွာ ၊ သေးဆူလဲကျေးရွာတို့တွင် စိုက်ပျိုးကြပြီး ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့၊ အောင်ပန်းမြို့၊ နောင်တယားမြို့တို့မှ မှာယူတင်သွင်းရောင်းချကြပါသည်။ ယခင် မတ်လ(တတိယပတ်)တွင် အာလူးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဧပြီလ(တတိယပတ်)တွင်လည်း အာလူးတစ်ပိဿာဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ယခင်မတ်လ(တတိယပတ်) အာလူးဈေး နှုန်းနှင့် ယခုဧပြီလ(တတိယ)အာလူးဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင့် နောင်ယားဈေးအတွင်းရှိ အာလူးရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)