ကရင်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးထွက်ရှိမှုအနေဖြင့် စိုက်ပျိုးသည့် ဧရိယာ၂၇၁၂၇၁ ဧက၊ အစေးလှီးဧရိယာ ၂၆၀၆၆၁ဧက၊ အထွက်နှုန်း ၅၆၅.၃၃ ပေါင် အထွက်တန် ၁၂၆၀၄.၂၄တန် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ရာဘာလက်ကျန်အခြေအနေမှာ တောင်သူလက်ကျန် (၂၀၀) တန်ခန့်နှင့် ကုန်သည်အဝယ်ဒိုင်လက်ကျန် (၄၃၅) တန်ခန့်၊ စုစုပေါင်းလက်ကျန် (၆၃၅) တန်ခန့်ရှိကြောင်းနှင့် ရာဘာစျေးနှုန်းမှာ (RSS-3) တစ်ပေါင်ပေါက်ဈေးသည် ယခင် အပတ်တွင် (၁၃၈၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ်တွင် (၁၃၄၀) ကျပ်ဈေးနှုန်းဖြင့် ဈေးနှုန်းကျသွားကြောင်း ရာဘာအဝယ်ဒိုင်များထံမှ လေ့လာသိရှိရပါသည်။
ရာဘာဈေးကွက်အနေဖြင့် မော်လမြိုင်၊ရေး၊ ထားဝယ်နှင့် ရန်ကုန်မြို့များသို့ ပြည်တွင်းဈေးကွက်အနေဖြင့် တင်ပို့ကြောင်းနှင့် ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံ ပြည်ပဈေးကွက်သို့လည်း တင်ပို့ကြောင်း ရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(ကရင်)