Main menu

သရက်မြို့နယ် ကျေးရွာများမှထွက်ရှိသည့် ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံနှင့် မန်ကျည်းသီး သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အုတ်ပုံ၊ တုတ်ကိုင်း၊ ဓါတ်ကုန်း၊ ကြီးကန်၊ ညောင်ကိုင်စသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံ သီးနှံများအနက် ၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ပဲကြီးသီးနှံမှာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၁၁၇၀၀၀ မှ ၁၂၀၀၀၀)ရှိခဲ့ရာ ယခုဧပြီလ (ပထမပတ်)တွင် ကျပ်(၁၁၅၅၀၀မှ ၁၁၈၅၀၀)ဖြစ်၍ ကျပ် (၁၅၀၀)အကျဈေးဖြင့် သီးနှံအရွယ်အစားအလိုက်အဝယ်ရှိပါကြောင်း သိရပါသည်။

      မတ်လစတုတ္ထပတ်တွင် ကုလားပဲသီးနှံ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)ဖြစ်ပြီး ဧပြီလ(ပထမပတ်)တွင် ကျပ်(၁၀၆၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)အမြင့်ဈေးဖြင့် တစ်ပတ်လျှင် အိတ်ရေ (၁၅ မှ ၂၀)ဝန်းကျင်ခန့် အဝယ်ရှိပါကြောင်း၊ ပဲစဉ်းငုံသီးနှံမှာ (၃၀)ပိဿာတစ်အိတ်လျှင် ကျပ် (၁၁၂၅၀၀)ဖြစ်ပြီး ဧပြီလပထမပတ်တွင် ကျပ်(၁၀၉၅၀၀)ဖြစ်၍ ကျပ်(၃၀၀၀) အကျဈေးဖြင့် ဝယ်ယူ လျက်ရှိပါကြောင်း၊ ပဲများထွက်ရှိမှုနည်းလာသော ကာလဖြစ်သဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း၊    ထို့အပြင် မန်ကျည်းသီးအစေ့ပါ(၁)ပိဿာလျှင် မတ်လစတုတ္ထပတ်တွင် ကျပ်(၁၀၀၀) ဖြင့် ဝယ်ယူလျက်ရှိရာ ဧပြီလပထမပတ်တွင်(၁)ပိဿာလျှင် ကျပ်(၈၀၀)ဖြစ်၍ ကျပ်(၂၀၀) အကျဈေးဖြင့် နေ့စဉ်ပိဿာချိန် (၄၀မှ ၅၀)အထိ အဝယ်ရှိပါကြောင်းနှင့် ဝယ်ယူရရှိပြီးသော မန်ကျည်း သီးများအား ပြည်၊ ကြံခင်း၊ မြန်အောင်မြို့များသို့ တင်ပိုရောင်းချရပါကြောင်း သရက်မြို့ပေါ်ရှိ ကုန်သည်ဦးမြင့်လွင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)