ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဧပြီလ တတိယပတ်တွင် စပါးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်၍ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ဧပြီလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၂၂၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၂၅၈၀၀၊ တန်အားဖြင့် ၆၂၉၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၈၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၆၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀ ၊ စုစုပေါင်းအိတ်ရေ ၉၅၅၀၀၊ တန်အားဖြင့် ၄၇၇၅တန် စီးထွက်ခဲ့သည့်အတွက် ဧပြီလ ဒုတိယပတ်သည် သင်္ကြန်ကာလဖြစ်၍ အရောင်းအဝယ်များ ရပ်နားထားသဖြင့် ဧပြီလ ပထမပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၀၃၀၀၊ တန်အားဖြင့် ၁၅၁၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဧပြီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)