Main menu

အဝင်များပြီးဈေးမြင့်နေတဲ့ ပြည်ကြက်သွန်နီဈေးကွက်

Powered by Drupal

     ပြည်ဈေးကွက်အတွင်း ယခုလို မတ်လ၊ ဧပြီလများတွင် ပုံမှန်ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်ကာလတွင် အမြင့်ဈေးဖြင့် တည်ရှိနေတာ တွေ့ရပါသည်။ ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လှိုင်လှိုင်ထွက်ပေါ်နေချိန် ဖြစ်သည့်အတွက် ပြည်ဈေးကွက်သို့အဝင်များလျက်ရှိနေပါသည်။ ဆိပ်ဖြူ၊ ပခုက္ကူ၊ အောင်လံ၊ တောင်တွင်း အစရှိတဲ့နယ်များမှ ကြက်သွန်နီများတစ်ပတ်လျှင် ရက်ခြား (၄)ရက်ခန့် အဝင်ရှိပြီး တစ်ပတ်ကို ပျမ်းမျှ ၂၅ပိဿာဝင် အိတ် ၃၀၀၀ခန့် ဝင်ရောက်မှုရှိနေပါသည်။ ဝင်ရောက်မှုရှိသည့် ကြက်သွန်နီများမှာ ပြည်ဈေးကွက်မှတစ်ဆင့် ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ၊ ကြံခင်း၊ မြန်အောင်နှင့် ရခိုင်ပြည်နယ် (တောင်ကုတ်)တို့သို့ တိုင်းကျော်/နယ်ကျော် စီးဆင်းမှုရှိပြီး ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ တစ်ပတ်အတွင်း ဝင်ရောက် မှုရဲ့ သုံးပုံနှစ်ပုံရောင်းဝယ်မှုဖြစ်လျက်ရှိကာ အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ကြက်သွန်နီသီးနှံဈေးနှုန်းမှာလည်း မြင့်တက်ရခြင်းဖြစ်ကြောင်း သိရပြီး ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် (၁၀၀၀/၁၁၅၀/၁၂၅၀)တို့ဖြစ်၍ လက်လီဈေးအသေးများတွင် ကျပ် (၁၃၀၀/၁၄၀၀-၁၅၀၀/၁၆၀၀) တို့ဖြင့် အသီးသီးရောင်းဝယ်မှု ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)