Main menu

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလ ၊ မတ်လပဲမျိုးစုံဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုနှိုင်းယှဉ်ချက်

Powered by Drupal

        ပြည်ကုန်စည်တွင် ဖေဖော်ဝါရီလနှင့် မတ်လ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဖြစ်ပေါ်နေသော ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုကို လေ့လာသိရှိရပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၅၈၅၀၀)ကျပ်၊ ဒုတိယ ပတ်တွင် (၆၁၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဖေဖော်ဝါရီ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၆၂၀၀၀)ကျပ်ဖြင့် လှောင်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၃၀၀/၄၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စတုတ္တပတ်တွင် ပဲတစ်တင်းကို (၆၂၀၀၀)ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို (၆၀၀၀၀-၆၁၀၀၀)ကျပ်ထိဈေးကျလာခဲ့ပြီး လှောင်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၃၀၀/၃၅၀)ခန့် တင်ပို့မှုရှိခဲ့ပါသည်။ မတ်လဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၆၄၀၀၀)ကျပ်ဖြင့်‌ ဈေးတက်လာခဲ့ပါသည်။ တတိယပတ်တွင် တစ်တင်းကို (၆၆၅၀၀-၆၇၀၀၀)ကျပ်ဖြင့် ဈေးပိုတက်ခဲ့ပြီး ရန်ကုန် အဝယ်တစ်ရက်ကို အိတ် (၂၀၀/၃၀၀)ခန့်ရှိပါသည်။ မတ်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၆၇၅၀၀)ကျပ်ဖြင့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

     ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီ ပထမပတ်တွင် ပဲစင်းငုံသီးနှံတစ်တင်းကို (၆၁၀၀၀)ကျပ်၊ ဒုတိယပတ်တွင် (၆၅၀၀၀)ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၀၀/၃၀၀)ခန့် တင်ပို့မှုရှိခဲ့ပါသည်။ ဖေဖော်ဝါရီတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၆၀၀၀)ကျပ်ဖြင့် ရန်ကုန် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၉၀၀၀-၆၉၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၆၈၅၀၀-၆၉၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့်ရှိခဲ့ပါသည်။ ဒုတိယ ပတ်တွင် ပဲစင်းငုံတစ်တင်းကို (၇၁၅၀၀-၇၂၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မတ်လ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၇၄၅၀၀-၇၅၀၀၀)ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မတ်လစတုတ္ထပတ်တွင် ပဲစင်းငုံဈေးအေးနေပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၂၀၀/၃၀၀)ခန့် တင်ပို့ခဲ့ပါသည်။

ကုလားပဲ

   ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီပထမပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၆၈၀၀၀)ကျပ်၊ ကုလားပဲ မြကြေးမှုံ တစ်တင်းကို (၆၅၀၀၀-၆၆၀၀၀)ကျပ်ဖြင့် ခွဲစက်သမားနှင့် မြို့တွင်း အဝယ် တစ်ရက်ကိုအိတ် (၃၀၀)ခန့်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၆၅၀၀၀) ကျပ်၊ကုလားပဲ မြကြးမှုံတစ်တင်းကို (၆၂၅၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၆၆၀၀၀-၆၆၅၀၀)ကျပ်၊ကုလားပဲ မြကြးမှုံတစ်တင်းကို (၆၆၀၀၀-၆၆၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စတုတ္တပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၆၇၀၀၀-၆၈၀၀၀)ကျပ်၊ကုလားပဲ မြကြေးမှုံနှင့် ဈေးတူပြီး မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မတ်လပထမပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၆၈၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မတ်လ ဒုတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၇၃၀၀၀-၇၄၀၀၀)ကျပ်၊ ကုလားပဲ မြကြးမှုံတစ်တင်း ကို (၇၃၀၀၀-၇၃၅၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မတ်လတတိယပတ်တွင် ကုလားပဲ ဟော်လန် တစ်တင်းကို (၇၄၀၀၀)ကျပ်၊ ကုလားပဲ မြကြေးမှုံတစ်တင်းကို (၇၄၅၀၀-၇၅၀၀၀)ကျပ်ဖြင့် ခွဲစက်သမားများ အဝယ်တစ်ရက်ကို အိတ် (၃၀၀/၄၀၀)ခန့် ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ ဟော်လန်တစ်တင်းကို (၇၃၀၀၀)ကျပ်၊ ကုလားပဲ မြကြေးမှုံတစ်တင်းကို (၇၃၅၀၀-၇၄၀၀၀)ကျပ်ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

   ဖေဖော်ဝါရီပထမပတ် ပြည်ကုန်စည်ဒိုင်တွင် ဘိုကိတ်တစ်တင်းကို (၄၇၅၀၀)ကျပ်၊ ဒုတိယပတ်တွင် ဘိုကိတ်တစ်တင်းကို (၄၈၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၅၀/၁၀၀) ခန့်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၄၇၀၀၀)ကျပ်၊ စတုတ္ထ ပတ်တွင် ဘိုကိတ်ဈေးအေးနေပြီး ပဲတစ်တင်းကို (၄၇၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၄၇၀၀၀)ကျပ်၊ ဒုတိယပတ်နှင့် တတိယပတ်တွင်လည်း ဘိုကိတ်ပဲတစ်တင်းကို (၄၇၀၀၀)ကျပ်ဖြင့် ဈေးအေး၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ် တွင်လည်း (၄၇၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို (၅၀/၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလနှင့် မတ်လ ပဲမျိုးစုံဈေးကိုကြည့်လျှင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ မတ်လတွင် ဈေးပိုတက်ခဲ့ပြီး ဘိုကိတ်ပဲဈေးမှာ ဈေးအေးလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)