(၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာနှစ်တွင် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် ထောပတ်ပဲသီးနှံ စိုက်ပျိုးထွက်ရှိမှု အခြေအနေမှာ ပန်းတောင်းမြို့နယ်တွင် (၂၀၆) ဧက စိုက်ပျိုးထားရှိရာ (၂၀၆)ဧက ရိတ်သိမ်းခဲ့ပြီး တင်း (၂၈၀၀)ကျော် ထွက်ရှိကာ အထွက်နှုန်းအနေဖြင့် (၁၃.၉၉)တင်း ထွက်ရှိ ကြောင်း၊ ရွှေတောင်မြို့နယ်တွင် (၄၂၁၀)ဧက စိုက်ပျိုးထားရှိပြီး (၄၂၁၀) ဧက ရိတ်သိမ်း၍ တင်းပေါင်း(၅၉၀၀၀)ကျော်ထွက်ရှိခဲ့ကာ အထွက်နှုန်းအားဖြင့် (၁၄.၀၂) တင်း ထွက်ရှိကြောင်း၊ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ထောပတ်ပဲသီးနှံအား စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပြည်ခရိုင်အနေဖြင့် (၄၄၁၆) ဧက စိုက်ပျိုးနိုင်ခဲ့ကာ (၄၄၁၆)ဧက ရိတ်သိမ်းခဲ့သဖြင့် တင်းပေါင်း (၆၀၀၀၀)ခန့် ထွက်ရှိခဲ့၍ အထွက်နှုန်းအားဖြင့် (၁၃.၅၉)တင်း ထွက်ရှိပါသည်။ ထောပတ်ပဲသီးနှံကို မတ်လပိုင်းတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ရာ သီးနှံစတင်ထွက်ရှိချိန်ကာလတွင် (၁)တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့် စျေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် ထွက်ရှိလာသည့် သီးနှံအရည်အသွေးကောင်းမွန်ခြင်း၊ ဒေသတွင်းအဝယ်လိုက်ခြင်းများကြောင့် (၁)တင်းလျှင် (၇၅၀၀၀)ကျပ်ထိ စျေးရရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)