တောင်ငူခရိုင်၊ တောင်ငူမြို့တွင် သင်္ကြန်ကာလ၌ ကောက်ညှင်းဆန်များ ဈေးကောင်း ရလျက်ရှိပါသည်။ ယခင်နှစ် သင်္ကြန်ကာလတွင် ကောက်ညှင်းဆန်(အဖြူ) ၂၄ ပြည်ပါတစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ကောက်ညှင်းဆန်(ငချိပ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်ရှိပြီး ကောက်ညှင်း ပေါင်းမှာ တစ်ဆယ်ကျပ်သားလျှင် ၃၀၀ ကျပ် ရှိခဲ့ပါသည်။
ယခုနှစ် သင်္ကြန်ကာလတွင် ကောက်ညှင်းဆန်(အဖြူ) ၂၄ ပြည်ပါတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ ကောက်ညှင်းဆန်(ငချိပ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးကောင်းပေးဝယ်ရသော်လည်း ကောက်ညှင်းပေါင်း ၁၀ ကျပ်သားမှာ ၅၀၀ ကျပ်သာရောင်းရသဖြင့် ကောက်ညှင်းဆန် ဈေးကောင်းသော်လည်း ကောက်ညှင်းပေါင်းရောင်းသူအနေဖြင့် ယခင်နှစ်ကထက် အမြတ်နည်းကြောင်း လုပ်ငန်းရှင်ပြောကြားချက်အရ သိရပါသည်။
DOCA(ပဲခူး)