Main menu

နွေနှမ်းများအောင်မြင်စွာဖြစ်ထွန်း

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အနေဖြင့် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိုးပြီးစီးလျက် ရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် နွေနှမ်းလျာထားစိုက်ဧက (၃၉၇၀၃)ဧက စိုက်ပျိုးနိုင်ရန်လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၂၈၁၃၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နွေနှမ်းစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် မျိုး၊ သွင်းအားစု ၊ လုပ်သားခ ၊ စုစုပေါင်း(၂၆၀၀၀၀/-) ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း သိရှိရပါသည် ။ စိုက်ပျိုးသောနှမ်းအမျိုးအစားများမှာ နှမ်းဖြူ၊နှမ်းညို၊နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ နှမ်းစျေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူတစ်တင်းလျှင် (၅၉၀၀၀/-)ကျပ်၊နှမ်းနက်ရိုးရိုး တစ်တင်းလျှင်(၅၄၀၀၀/-)ကျပ်၊ နှမ်းနက်စမုံတစ်တင်းလျှင်(၅၂၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၅၄၀၀၀/-)ကျပ် စျေးနှုန်းများရှိပြီး ယခုလက်ရှိ ပေါက်စျေးအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၀၂၀၀၀/-)ကျပ် ၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင်(၈၃၀၀၀/-)ကျပ် ၊ နှမ်းနက်စမုံ တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်၊နှမ်းညိုတစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခုလက်ရှိ နှမ်းဆီ တစ်ပိဿာလျှင်(၁၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊နှမ်းစျေးနှုန်းနှင့် နှမ်းဆီစျေးနှုန်းများ ကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသောတောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်သောကြောင့် နှမ်းများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။

DOCA(မန္တလေး)