မိတ္ထီလာခရိုင်သည် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများကို အများအပြားစိုက်ပျိုးသောခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့်သွင်းအားစုဓာတ်မြသြစျေးများ အနည်းငယ်ကျဆင်းနေသည်ကိုတွေ့ရပါသည်။ ဧပြီလ (သင်္ကြန်မတိုင်မီ) ၌ စျေးကွက်အတွင်းဖြစ်ပေါ်နေသော မြေသြဇာစျေးနှုန်းများမှာ အာမို (50 kg) တစ်အိတ်လျှင် (၁၄၂၀၀၀) ကျပ်၊ MC (50 kg) တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ပန်းဖူး ပုလဲ (50 kg) တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေတောင် (50 kg) တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ ရွှေပျား (50 kg) တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ နေရွက်လှေ (50 kg) တစ်အိတ်လျှင် (၇၇၀၀၀) ကျပ်၊ GPS (50 kg) တစ်အိတ်လျှင် (၁၃၈၀၀၀) ကျပ်၊ စိမ်စို (50 kg) တစ်အိတ်လျှင် (၁၃၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသင်္ကြန်ကာလအပြီးတွင် အာမို (50 kg) တစ်အိတ်လျှင် (၁၂၂၀၀၀) ကျပ်၊ MC (50 kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ပန်းဖူး ပုလဲ (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ရွှေတောင် (50 kg) တစ်အိတ်လျှင် (၇၆၀၀၀) ကျပ်၊ ရွှေပျား (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ နေရွက်လှေ (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ GPS (50 kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ စိမ်စို (50 kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်စျေးသာရှိပြီး သင်္ကြန်မတိုင်မီကာလနှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းအနည်းငယ်ကျဆင်းလာပြီး စျေးနှုန်းကျဆင်းရခြင်းမှာ ရာသီချိန်ကာလမဟုတ်၍ အရောင်းအဝယ်မဖြစ်သလောက်ရှိကြောင်း “နှင်းတော်ဝင်” ဓာတ်မြေသြဇာအရောင်းဆိုင်မှ သိရပါသည်။
DOCA(မန္တလေး)