Main menu

“ပဲတီစိမ်း(မိုးကြို)များအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းအခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း (မိုးကြို)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၇၁၈၈)ဧကစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း(မိုးကြို)ကို ကျောက်ဆည် မြို့နယ်တွင်(၁၉၀၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက နှင့် မြစ်သားမြို့နယ်တွင်(၁၆၁၅)ဧက ၊ စုစုပေါင်း(၆၄၅၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းကို သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ပဲတီစိမ်း (မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်းသိရှိရပါသည် ။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း (၁၁)မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့ (၅-၆)ပြည်ခန့်ကုန်ကျကြောင်း၊ စျေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၅၀၀ဝိ/-)ကျပ်စျေးဖြင့်ဝယ်ယူစိုက်ပျိုးရပြီး ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး ၊ သွင်းအားစု ၊ လုပ်သားခစုစုပေါင်း (၃၀၀၀၀ဝိ/-)ကျပ် ဝန်းကျင် ကုန်ကျကြောင်း သိရှိရပါသည်။ ယခုနှစ် ပဲတီစိမ်း(မိုးကြို) စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြသောကြောင့် ယခုအချိန်တွင် ပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ ယခင်နှစ်တွင် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၀-၁၂)တင်းခန့်ထွက်ရှိကြောင်း ၊ ယခုနှစ်တွင် ပဲတီစိမ်းများ ထွက်ရှိမှုမရှိသေးသော်လည်း စျေးနှုန်း အနေဖြင့်(၅၃၀၀၀)ကျပ် စျေးနှုန်းများဖြင့် ကျောက်ဆည်မြို့နယ်ရှိ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်နေကြောင်း နေလသုခပွဲရုံပိုင်ရှင်ထံမှ သိရှိရပါသည်။

DOCA(မန္တလေး)