Main menu

ဆောင်းကြက်သွန်နီများ အဝယ်လိုက်

Powered by Drupal

     မိတ္ထီလာခရိုင်တွင် ဆောင်းကြက်သွန်နီကို များစွာစိုက်ပျိုးကြောင်း သိရပြီး၊ ဆောင်းကြက်သွန်နီမှာ သိုလှောင်ကာလကြာချိန်ခံခြင်းကြောင့် ဒေသတွင်းဝယ်လက်သာမက နယ်စပ်ဝယ်လက်များပါ ဝယ်လိုအားရှိကြောင်း သိရသည်။ ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ဧပြီလတွင် ရိတ်သိမ်းကြပါသည်။ စိုက်ပျိုးရာတွင် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် စျေးကွက်သို့ လတ်တလောတင်ပို့မည့်ကုန်ပစ္စည်းအပြင် မျိုးကိုလည်း အလေးထားစိုက်ပျိုးကြရာ ယခုနှစ်မျိုးစံပင်ရိတ်သိမ်းသည့် မတ်လလယ်ပိုင်းနှင့် လကုန်ပိုင်းတွင် မျိုးစေ့ကို မြေရှင်တောင်သူကရယူပြီး၊ မျိုးစံဥကို လုပ်သားခအနေဖြင့်ပေးချေရာ ပြင်ပပေါက်စျေးမှာ တစ်ပိဿာလျှင် (၇၀၀-၈၀၀) ကျပ်စျေးရှိခဲ့ပါသည်၊၊ ဧပြီလကုန်ပိုင်း ကြက်သွန်နီအထွက်လှိုင်ချိန်၌ ဒေသတွင်းဖြစ်ပေါ်နေသောကြက်သွန်နီစျေးမှာ အရွယ်အစား၊ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၆၀၀-၇၀၀) ကျပ်မှ (၁၂၀၀-၁၃၀၀) ကျပ်ထိရှိကြောင်း စျေးကွက်မှသိရပါသည်။

      မိတ္ထီလာစျေးကွက်ရှိ ကြက်သွန်နီများ နယ်ဝေးသို့တင်ပို့မှုမှာ တစ်ပတ်အတွင်း ရန်ကုန်သို့ တွဲကား နှစ်စီး၊ မော်လမြိုင်သို့ တွဲကားသုံးစီးတင်ပို့ခဲ့ပြီး ကားတင်ခအနေဖြင့် တစ်ပိဿာလျှင် ရန်ကုန်သို့ (၁၁၀) ကျပ်၊ ပဲခူးသို့ (၁၀၀) ကျပ်၊ မော်လမြိုင်သို့ (၁၆၅) ကျပ်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)