တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ မတ်လ အထိ(၁၂)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၈၃၈)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(၆.၂၄၈)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၆.၀၈၆) ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၁)နှစ်စာ လျာထားချက်အပေါ် (၂၂.၀၃)% ဆောင်ရွက်နိင်ခဲ့ပြီး ဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။
ပို့ကုန်အနေဖြင့် (၁.၄.၂၀၂၃) မှ (၇.၄. ၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၇၃) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၈.၄. ၂၀၂၃ မှ ၁၄.၄. ၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၃၉) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန် အနေဖြင့် (၁.၄. ၂၀၂၃) မှ (၇.၄. ၂၀၂၃)ရက်နေ့အထိ ဆံပင်တန်ချိန်အားဖြင့် (၁၃.၅၆၀) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၅၂) တင်သွင်းနိုင်ခဲ့ပြီး၊ (၈.၄.၂၀၂၃ မှ ၁၄.၄. ၂၀၂၃)ရက်နေ့ အထိ တင်သွင်းနိုင်ခဲ့ခြင်းမရှိသည့်အတွက် ပို့ကုန်အနေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (၀.၁၆၆) ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၅၂) လျော့နည်းတင်သွင်းနိုင် ခဲ့ပါကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)