Main menu

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ ခုနှစ် ဧပြီလ  (တတိယ)အပတ် အတွင်း မုံရွာမြို့နယ်မှ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၃၄၀၀)  ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၅၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၁၆၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ချင်း တက်တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၃၀၀၀)  ကျပ် မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၁၀၀) ကျပ်မှ (၂၂၀၀) ကျပ်တို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ပါသည်။

      လက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး) တစ်လုံး (၂၅၀) ကျပ်၊ (သေး)တစ်လုံး (၂၀၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀) ကျပ်၊ သေးတစ်လုံး (၃၀၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ဧပြီလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ဧပြီ (ပထမ) အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၄၀၀)ကျပ်၊ သား/ငါး ဈေးနှုန်းများဖြစ်သော ဝက်သား တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၁၀၀၀)ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတက်ပြီး အခြားအခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)