စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၈၀၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၇၀၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၅၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၄၅၀-၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၆၅၀-၆၇၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၁၂၀၀ မှ ၁၃၀၀ ကျပ်၊ ကြက်သွန် ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၈၀၀ မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၂၀၀ မှ၂၃၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၀၀၀-၅၂၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၃၀၀ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၈၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၂၅၀၀မှ ၃၀၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရသည်။
ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဧည့်မထဆန် ဈေးအနည်းငယ်တက်နေပြီး ဒေသထွက် ခရမ်းချဉ်သီးများ အထွက်နည်းပါးလာသောကြောင့် ဈေးများအနည်းငယ်တက်နေပါကြောင်း၊ ကြက် သွန်နီ(သစ်) ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှု ရှိပါသည်။ စားအုန်းဆီ ဈေးနှုန်းများ ရည်ညွှန်း ဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက် ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)