မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
ယခုဧပြီလ တတိအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၆၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၀၀၀)ကြား၊ ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၀၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)