Main menu

ကန့်ဘလူ၊ ကျွန်းလှ ဒေသထွက် ပိတ်စွယ် ခေါ် (ရှင်မွှေးလွန်း) ဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ မူးကမ်းရိုးများ အင်းအိုင်များအတွင်းမှ ထွက်ရှိသော ပိတ်စွယ် (ရှင်မွှေးလွန်း)ကို ကန့်ဘလူ၊ ကျွန်းလှဒေသတွင်မက  ဒေသတိုင်းတွင် လူကြိုက်များပြီး ဆေးဖက်လဲဝင်သလို အစားအသုံးများကြသော ပိတ်စွယ်ဖြစ်ပါသည်။ ပိတ်စွယ် (ရှင်မွှေးလွန်း)ကို   ကန့်ဘလူဒေသမှာဆိုရင် ပိုးဇာကုန်းကျေးရွာ၊ ကာဘိုးကျေးရွာ၊ ကမ်းဗြူကျေးရွာတွေမှာ ထွက်ရှိပြီး ၊ ကျွန်းလှမြို့နယ်မှာဆိုရင် မန်ကျီးအင်းကျေးရွာ၊ ဆားတွင်းကျေးရွာ၊ တပူတော ကျေးရွာတို့မှ ထွက်ရှိပါသည်။ ပိတ်စွယ် (ရှင်မွှေးလွန်း)ကို ဆူးပုတ်ရွက်နှင့်ရောချက်၍ သော်လည်းကောင်း ခရမ်းသီး၊ ခဆော့သီးတို့ဖြင့် ရောနှောချက်စား၍သော်လည်းကောင်း ဟင်းချိုချက်၍ သော်လည်းကောင်း ၊ မုန့်ဟင်းခါးချက်ရာတွင်လည်း အချိုဓါတ်ရရှိစေရန် ငှက်ပျောအူကဲ့သို့ ပိတ်စွယ် ကို ထည့်ချက်ကြပါသည်။ ပိတ်စွယ် (ရှင်မွှေးလွန်း) အပင်ဟာဆိုရင် စားရုံတင်မက လူ့အသုံးအဆောင်အဖြစ် ရင့်မှည့်လာသော အသီးတောင့် မျာအား မှို့ထုတ်၍ ခေါင်းအုံးထဲတွင် ထည့်သွင်းအသုံးပြုလို့ရသလို ပိတ်စွယ်ပင်၏ အရွက်များကိုလည်း ယက်လုပ်၍ အိမ်များ၊ တဲအိမ်များတွင် အမိုးအကာအဖြစ် အသုံးဝင်သလို ဆီးရောဂါ၊ သွေးတိုးရောဂါ၊ အသည်းရောဂါတို့နဲ့ ပတ်သက်၍ ဆေးဖက်ဝင်ဂုဏ်သတ္တိရှိ ဓါတ်စာဖြစ်၍ ကျန်းမာရေးအတွက် လည်း လွန်စွာအသုံးဝင်ကြောင်း ၊ ပိတ်စွယ် (ရှင်မွှေးလွန်း)ဟာ မတ်လကုန်လောက်တွင် စတင်ပေါ်လာပြီး  လက်တွင်း တစ်ဆုတ်စာ (၁)စည်းလျှင် ကျပ်(၈၀၀)၊ (၂)စည်းလျှင် ကျပ်(၁၅၀၀) နှုန်းဖြင့် စတင်ရောင်းချလျှက် ရှိပြီး ဧပြီလ ပထမအပတ် နှင့် ဒုတိယပတ် တို့တွင်  (၁)စည်းလျှင် ကျပ်(၇၀၀)၊ (၃)စည်းလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိခဲ့ပြီး  ယခု ဧပြီလ တတိယပတ်တွင် ပိတ်စွယ် (ရှင်မွှေးလွန်း) (၁)စည်းလျှင် ကျပ်(၅၀၀)နှုန်း အထိ ကျဆင်းလာကာ  လှိုင်လှိုင်ထွက်ရှိလာပြီဖြစ်ပါသည်၊ ပိတ်စွယ် (ရှင်မွှေးလွန်း)ကို နေ့စဉ် ချောင်းရိုး၊ မူးရိုးများရှိသော ဒေသမှ ခူးဆွတ်ရပြီး  မိသားစုပုံမှန်ဝင်ငွေရရှိကာ အရောင်းအဝယ် ဖြစ်နေကြောင်း  အရောင်းအဝယ်လုပ်နေသော ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)