“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိပြီး ကန့်ဘလူမြို့နယ်အတွင်း ဆန်စီးဝင်စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။
ကန့်ဘလူမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (တတိယပတ်)တွင် စပါးဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၂၃၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၁၇၅၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ ကန့်ဘလူမြို့နယ်မှ အခြားခရိုင်နှင့် အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မန္တလေးသို့ အိတ်ရေ ၁၀၀၀အိတ်၊ ရန်ကုန်သို့ အိတ်ရေ ၂၀၀၀အိတ် စုစုပေါင်းအိတ်ရေ ၃၀၀၀အိတ်၊ တန်အားဖြင့် ၁၅၀တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)