၂၀၂၃ ခုနှစ် ဧပြီလ တတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှ မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ်၊ ယခင်အပတ်ထက်ရွှေဘိုပေါ်ဆန်း (အသစ်)ဈေး တစ်ပြည်လျှင် (၇၀၀)ကျပ် မြင့်တက်နေပြီး ဧရာမင်း(အသစ်)တစ်ပြည် (၃၂၀၀) ကျပ် ယခင်အပတ်ထက် ဧရာမင်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၁၅၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၁၃၀၀) ကျပ် ကြက်သွန်နီ ရိုးရိုး အမျိုး အစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၄၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၁၃၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၁၀၀၀)ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၅၅၀၀) ကျပ် ကြက်သွန်ဖြူ လက်လီဈေး မှာ(ဗမာ) အလုံးသေး တစ်ပိသာ(၄၈၀၀)ကျပ် မှ (၅၀၀၀) ကျပ် ၊ ယခင်အပတ်ထက်ကျပ်(၂၀၀)မြင့်တက်နေပြီး၊ ကြူကုတ် တစ်ပိသာ (၅၀၀၀) ကျပ် မှ (၅၃၀၀) ကျပ် ယခင်အပတ်ထက်ကျပ်(၂၀၀)မြင့်တက် ၊ ချင်း တစ်ပိသာ (၄၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်ထက် တစ်ပိသာလျှင် (၅၀၀)ကျပ် မြင့်တက်နေပြီး ငရုတ်သီးခြောက် (၁၆၀၀၀) ကျပ် ယခင်အပတ်အတိုင်း ငြိမ်နေပြီး၊ အာလူး တစ်ပိသာ (၂၄၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ငရုပ်သီးစိမ်း တစ်ပိသာ (၂၅၀၀) ကျပ် ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း ခရမ်းချဉ်သီး တစ်ပိသာ (၁၈၀၀) ကျပ် မှ(၂၀၀၀)ကျပ် ဖြစ်နေပြီး ဧပြီလ ပထမအပတ်ထက်(၇၀၀/၈၀၀)ကျပ်ဝန်းကျင် မြင့်တက်နေကြောင်း ၊ ခရမ်းသီး တစ်ပိသာ (၅၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့် (၁၈၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင်(၄၀၀၀)ကျပ် ဧပြီ ပထမအပတ်ထက် ကျပ်(၃၀၀၀)လေက်မြင့်တက်နေကြောင်း၊ ခါကြက်ဥ တစ်ပိသာ (၄၀၀၀)ကျပ် ဧပြီပထမအပတ်ထက်(၁၀၀၀)ကျပ် ဝန်းကျင်မြင့်တက်လာကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၂၀၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေသည်ဟု ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။
ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေ)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၅၀)ကျပ်ရှိသည် ။ ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၂၀၀၀ )ကျပ် မှ (၁၄၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၃၀၀၀) ကျပ် ထိ၊ ငါးကြင်း တစ်ပိသာ (၆၀၀၀) ကျပ် မှ (၈၅၀၀) ကျပ်၊ တီလားဗီးယားငါး တစ်ပိသာ (၄၀၀၀) ကျပ် မှ (၆၅၀၀) ကျပ် ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။
စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၇၂၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၇၀၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)