အောင်လံကုန်စည်ဒိုင်ရှိ လုပ်ငန်းရှင်အများစုမှာ သင်္ကြန်ကာလတွင် အပန်းဖြေခရီးသွားခြင်း၊ တရားစခန်းဝင်ခြင်းများကြောင့် သင်္ကြန်အပြီး (၁၉-၄-၂၀၂၃)ရက်နေ့တွင် အောင်လံကုန်စည်ဒိုင် ၌ အရောင်းအဝယ်အနည်းငယ်သာရှိခဲ့ကြောင်း သိရှိရပါသည်။
ပဲမျိုးစုံသီးနှံဈေးကွက်အနေဖြင့် ပဲစင်းငုံ(နီ)(၁)တင်းလျှင် ကျပ် (၇၅၅၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ် (၆၅၀၀၀)၊ ကုလားပဲ(HL)(၁)တင်းလျှင် ကျပ် (၇၅၀၀၀)၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ် (၄၄၀၀၀)၊ ပဲကြီး(၁)တင်းလျှင် ကျပ် (၈၂၀၀၀) မှ ကျပ် (၈၀၀၀၀)ထိ၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ် (၇၂၀၀)၊ မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ကျပ် (၆၂၅၀) ဈေးနှုန်းဖြင့် (၁၉-၄-၂၀၂၃)ရက်နေ့၊ သင်္ကြန်ကာလအပြီးတွင် ဖြစ်ပေါ်လျက်ရှိပြီး ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် နည်းပါးနေသေးကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။
ဝါသီးနှံဈေးကွက်အနေဖြင့် သင်္ကြန်ကာလအပြီး ယခုအပတ် (၁၉-၄-၂၀၂၃)ရက်နေ့ထိ ဈေးနှုန်းမပွင့်သေးကြောင်းနှင့် သင်္ကြန်မတိုင်မီဈေးဖြင့်သာ အရောင်းအဝယ်ရှိကြောင်း၊ ကျေးရွာများမှလည်း ဝင်ရောက်မှုမရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)