နဂါးမောက်သီးတွင် အဖြူရောင်နှင့်အနီရောင်ဟူ၍ ၂ မျိုးရှိပါသည်။ အဖြူရောင်အသီးမှာ ခပ်ရှည်ရှည်ဖြစ်ပြီး အနီရောင်အသီးမှာ ခပ်ဝိုင်းဝိုင်းလေးဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ပေါက်ရောက် သကဲ့သို့ အာရှနိုင်ငံတော်တော်များများမှာလည်း ပေါက်ရောက်ပါသည်။ နဂါးမောက်သီးတွင် ကယ်လ်လိုရီ ၊ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ဗီတာမင်E တို့ပါဝင်ပါသည်။နဂါးမောက်သီးအရသာမှာ ချိုချိုချဉ်ချဉ်ဖြစ်ပြီး စားကောင်းတဲ့အသီးတစ်မျိုး ဖြစ်ပါသည်။နဂါးမောက်သီးတွင် ကိုလက်စထရော ပါဝင်မှုနည်းပြီးကျန်းမာ ရေးအတွက် အထောက်အကူပြုသည့် အဟာဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါသည်။ကိုယ်အလေး ချိန်ထိန်းညှိဖို့ အထောက်အပံ့ပေးနိုင်သည့် အကောင်းဆုံးအစားအစာတစ်ခု ဖြစ်ပါသည်။ ကျန်းမာနေစေရန်အတွက် နဂါးမောက်သီးကို စားသုံးပေးခြင်းသည်ကောင်းမွန်တဲ့ကျန်းမာရေး အလေ့အထတစ်ခုဖြစ်ပါသည်။ နဂါးမောက်သီးသည် သွေးတွင်း အကျိုးမပြုကိုလက်စထရော(LDL)တွေကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရော(HDL)ကို တိုးစေပါသည်။ထိုအာနိသင်သည် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးစီကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေတာကြောင့် နှလုံးကျန်းမာစေဖို့အ ကောင်းဆုံး အထောက်အကူပြုပေးပါသည်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေလည်းကင်းစေပါသည်။ နဂါးမောက်သီးသည် အမျှင်ဓာတ် ကြွယ်ဝတာကြောင့် နဂါးမောက်သီးစားခြင်းသည် အစာခြေစနစ်ကို ကျန်းမာစေဖို့ အများကြီး အထောက်အကူ ပြုပေးပါတယ်။ အစာကျေစေသလိုဝမ်းလည်းမှန်စေပါသည်။ အူတွေရဲ့လှုပ်ရှားမှု ကောင်းစေပြီး အဆာခံနိုင်စေပါသည်။ကင်ဆာအပါအဝင် နာတာ ရှည်ရောဂါတွေကိုဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေး ထိခိုက်မှုကင်းစေရန် နဂါးမောက်သီးကိုစားသုံးသင့်ပါသည်။ နဂါးမောက်သီးသည် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝမှု ကြောင့် အရေပြားကစ၍ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါသည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေမှုကြောင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးပြီးရုတ်တရက် သွေးချိုမြင့်တက်လာခြင်း မဖြစ်စေဖို့အတွက်လည်း ကာကွယ်ပေးပါသည်။ ဆီးချိုသမားများအတွက် အထူးသင့်တော်တဲ့အသီး တစ်မျိုးဖြစ်ပါသည်။ နဂါးမောက်သီးသည် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် အသားအရေကိုတင်းရင်းစေပြီး အရေးအကြောင်းကင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါသည်။ နဂါးမောက်သီးကိုကြိတ်ခြေပြီး ပျားရည်နှင့်ရောစပ်၍ မျက်နှာအသားအရေကို ပေါင်းတင်ပေးလို့ရပါသည်။ အရေးအကြောင်း ကင်းပြီးကြည်လင်ဝင်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။ နဂါးမောက်သီးသည် ဗီတာမင်Cကြွယ်ဝတာကြောင့် အသားအရည်ကို ဝက်ခြံကင်းစေဖို့အတွက်လည်း အထောက်အပံ့ပေးပါသည်။နဂါးမောက်သီးကို ခပ်ပါးပါးလွှာပြီး ဝက်ခြံပေါ်မှာကပ်ပေးပါက ဝက်ခြံကိုသက်သာစေပြီး ဝက်ခြံကြောင့်နီမြန်း ရောင်ရမ်းခြင်းကို သက်သာစေပါသည်။ နဂါးမောက်သီးသည် ကျန်းမာရေးနှင့်ညီညွှတ်သလို လူတိုင်းနဲ့လည်းတည့်ပါသည်။ သတိထားရမယ့်အချက်မှာ အလွန်အကျွံမစားမိဖို့ပဲဖြစ်ပါသည်။ ထို့ကြောင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးနိုင်သည့် နဂါးမောက်သီးကိုဖြည့်စွက် အစားအစာအနေဖြင့် စားသုံးပေးသင့်ပါသည်။
DOCA(ကယား)