Main menu

လွိုင်ကော်မြို့၊ သီရိမင်္ဂလာ‌ဈေးရှိအုန်းသီးဈေးကွက်

Powered by Drupal

     လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးရှိ အုန်းသီးအရောင်းဆိုင်တွင် ကြွက်မြီးပါအုန်းသီး ၁လုံးလျှင် ၁၅၀၀ ကျပ်၊ အုန်းသီးအသေး ၁လုံးလျှင် ၁၀၀၀ ကျပ်နှင့်အခွံနွှာထားသော အုန်းသီးခြောက်၁လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချပါသည်။ ကြွက်မြီးပါအုန်းသီးကို မြန်မာ့ဓလေ့ထုံးတမ်းအရ နတ်တင်ရာတွင်လည်းကောင်း၊ ဘုရားပွဲတင်ရာတွင်လည်းကောင်း  အသုံးပြုရပါသည်။ ဘုရားပွဲ၊ နတ်ပွဲတင်ရာတွင်  အဓိကအားဖြင့် အုန်းသီးနှင့်ငှက်ပျောသီးအား ထည့်၍ တင်ရပါသည်။  ထို့ကြောင့်အုန်းသီးနှင့်အတူ ငှက်ပျောသီးလည်း ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ရှိပါသည်။ ယခုကဲ့သို့နွေရာသီတွင်အရည်သောက် အုန်းတစ်လုံးလျှင် ၁၃၀၀ကျပ်ဖြင့် ရောင်းအားကောင်းလျက်ရှိပါသည်။  အုန်းသီးကို ရွှေရင်အေး၊ မုန့်လက်ဆောင်း၊မုန့်လုံးရေပေါ်အစရှိသည့် မြန်မာ့ရိုးရာ မုန့်မျိုးစုံများပြုလုပ်ရာတွင်အဓိက ထားထည့်သွင်း အသုံးပြုရသောကြောင့် အုန်းသီးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း သီရိမင်္ဂလာဈေးရှိ အုန်းသီးအရောင်းဆိုင် ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ကယား)