သာယာဝတီခရိုင်တွင် ယခုလ သင်္ကြန်ကာလအပြီး မတ်ပဲဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ယခင်မတ်လ နောက်ဆုံးပတ်က အနိမ့်ဆုံး ပိဿာ (၂၀) တစ်တင်းလျှင် ၆၆၉၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၇၀၀၀ ကျပ်သာရှိသော်လည်း ယခု ဧပြီလတတိယပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၆၇၁၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၇၃၀၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပိဿာ ၂၀ တစ်တင်းလျှင် မတ်လ နောက်ဆုံးပတ်က ၄၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခု ဧပြီ နောက်ဆုံးပတ်တွင် ၅၀၀၀၀ ကျပ်ဖြစ်၍ ၂၀၀၀ ကျပ်ခန့် အနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)