Main menu

တန်းဝင်တဲ့ ထန်းပင်

Powered by Drupal

     ပဲခူးတိုင်း‌ဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမဘေးတွင် ထန်းသီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ စျေးကောင်းရရှိနေကြကြောင်း၊ ထန်းသီးတစ်လုံးလျှင် ၄၀၀ကျပ်ဖြင့် ထန်းသီး အလုံးအကြီး/အသေးမျှပြီး အခိုင်အလိုက်စျေးပေး၍ရောင်းချရကြောင်း၊ တစ်နေ့လျှင် ထန်းသီး အခိုင် (၂၁၀)ခန့် ၊ အလုံးအရေအတွက်အားဖြင့် (၂၁၀၀)ခန့် ၊ ရန်ကုန်-ပြည်ကားလမ်းမတစ်လျှောက် ဘုရားဖူးများနှင့် ခရီးသွားပြည်သူများဝယ်ယူစားသုံးကြကြောင်း သိရပါသည်။ ထန်းပင်သည် နှစ်ပေါင်း (၁၀၀)ခန့် အသက်ရှည်ပြီး မည်သည့်ကုန်ကျစရိတ်မှမလိုအပ်ပဲ သဘာဝရေအရင်းအမြစ် ထိန်းသိမ်း‌ပေးထားခြင်းဖြင့်  ထန်းရည်၊ ထန်းသီးများ ထုတ်လုပ်၍ ဒေသအကျိုးပြုကာ တစ်နိုင်တစ်ပိုင်လုပ်ငန်းများအား ပံ့ပိုးကူညီလျက်ရှိ‌ကြောင်း သိရသည်။

DOCA(ပဲခူး)