ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန် ကျေးရွာတွင် ဂန္ဓမာပန်းများ စီးပွားဖြစ်စိုက်ပျိုးထားရှိပါသည်။ ဂန္ဓမာပန်းမှာ အရောင်အသွေးစုံလင်သဖြင့် လူအများ ကြိုက်နှစ်သက်ကြသလို ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှပန်းအိုးထိုးအဖြစ် လည်းကောင်း အသုံးပြုကြပါသည်။ ဂန္ဓမာပန်းကို နတ်တော်လတွင် စတင်စိုက်ပျိုးပြီး တန်ခူးလတွင် စတင်ခူးဆွတ်ရပါသည်။ စိုက်ပျိုးသည့်မျိုးမှာ မြနှင်းဖြူမျိုးကို စိုက်ပျိုးပြီးတစ်ဧကလျှင် အပင်ရေ (၂၈၀၀၀)ခန့် စိုက်ပျိုး၍ ရကြောင်း သိရပါသည်။ ဂန္ဓမာပန်းတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ သိန်း(၂၀) ကျော်ခန့် ကုန်ကျသည်ဟု သိရပါသည်။ ယခုအချိန်တွင် စိုက်ပျိုးစရိတ်များ ကြီးမြင့်ခြင်း၊ သွင်းအားစု များဈေးမြင့်ခြင်းတို့ကြောင့် တစ်ဧကစိုက်ပျိုးစရိတ်မှာမြင့်လာကြောင်း ဖြစ်သည်ဟုသိရပါသည်။ ဂန္ဓမာ ပန်းကို တစ်ခါခူးဆွတ်လျှင် တစ်ရက်ခြားခူးဆွတ်ရပြီး အစည်းရေ (၁၈၀၀)ခန့်ရရှိသည်ဟု သိရပါသည်။ ဂန္ဓမာပန်းရောင်းချရာတွင် တောင်လုံးညိုရွာမှ ဒိုင်၊ ပွဲစားများမှ လာရောက်ဝယ်ယူပြီး အစည်းတစ်စည်းလျှင် ဖောက်သည်ဈေး (၁၅၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်မှ တစ်ဆင့် ဂန္ဓမာပန်းကို ရန်ကုန်မြို့ရှိ ပန်းဒိုင်များသို့တင်ပို့ရောင်းချကြောင်း သိရပါသည်။
ဂန္ဓမာပန်းစိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်ဧကစိုက်ပျိုးလျှင် အသားတင် အကျိုးအမြတ်အနေဖြင့် (၂၄)သိန်းခန့်ရရှိသဖြင့် စိုက်ပျိုးရန်သင့်တော်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းစိုက်ပျိုးသူများအနေဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသဖြင့် ဧကများကို တိုးချဲ့စိုက်ပျိုးလျှင် ပိုမို အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။
DOCA(ပဲခူး)