Main menu

ပြည်ဈေးကွက်တွင် နှမ်းအရောင်းအဝယ်အေး၍ ဈေးနှုန်များကျဆင်းလာ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်တွင် နွေနှမ်းများစိုက်ပျိုးနေပြီဖြစ်သော်လည်း အနည်းငယ်သာ စိုက်ပျိုးထားကြောင်းသိရပါသည်။ ရွှေတောင်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ဧက အနည်းငယ်သာစိုက်ပျိုးပြီး ထွက်ရှိလာသောနှမ်းများကို တောင်သူအချို့က မိုးရာသီတွင်စိုက်ပျိုးရန် မျိုးအဖြစ် ထားသလို မိမိစားသုံးရန်အတွက် ဆီကြိတ်၍ထားကြပါသည်။ ဈေးကွက်တင်၍ ရောင်းချရန် ပစ္စည်း အနည်းငယ်သာရှိ၍ ရောင်းချမှုနည်းကြောင်း သိရပါသည်။ ယခုအချိန် ဧပြီလတွင် နှမ်းဝင်ရောက်မှု နည်းပါးပြီး ပွဲရုံများတွင် အရောင်းအနည်းငယ်ပါးသွားကာ ဆီကြိတ်နှမ်းနီသာ ရံဖန်ရံခါ အရောင်း အဝယ်ဖြစ်ကြောင်းသိရပါသည်။ နှမ်းတင်ပို့သောဝယ်လက်များက သင်္ကြန်ပြီး အချိန်ဖြစ်၍ အရောင်းအဝယ် ခေတ္တရပ်ထားသောကြောင့် ပြည်ဈေးကွက်တွင် နှမ်းဈေးသာဖြစ်ပြီး အရောင်းအဝယ် ပါးနေကြောင်း သိရပါသည်။

       ယခုအပတ်နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၁၇၀၀၀၀)ကျပ်ဖြင့် ယခင် မတ်လဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် (၅၀၀၀၀)ကျပ်ခန့်ဈေးများကျဆင်းလာခဲ့ပါသည်။ ထို့အတူ နှမ်းနက်မှာလည်း ယခုဧပြီလ တတိယပတ်တွင် (၃)တင်းတစ်အိတ်လျှင် (၁၈၅၀၀၀)ကျပ်၊ စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ယခင်မတ်လနှင့်နှိုင်းယှဉ်လျှင် နှမ်းနက်နှင့် စမုံနက်နှမ်းမှာ (၃)တင်း တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်ခန့် ဈေးကျဆင်းလာကြောင်း တွေ့ရပါသည်။ နှမ်းဈေးများ ကျဆင်း လာသော်လည်း ဝယ်လိုအားနည်းသွားသဖြင့် ပွဲရုံများတွင် ယခုအပတ်၌ အရောင်းအဝယ် ပါးလာကြောင်း သိရပါသည်။

DOCA(ပဲခူး)