စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ပဲခူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် စားသုံးဆီများအား သက်သာသောရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ (၂၀.၄.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ပဲခူးမြို့၊ ကလျာရာနီရပ်ကွက်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား လှည့်လည်ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စားသုံးဆီများ ရောင်းချပေးခြင်းဆောင်ရွက်ရာတွင် စားသုံးဆီတစ်ပိဿာလျှင် သက်သာ သောဈေးနှုန်းဖြစ်သော (၅၂၀၀)ကျပ်ဖြင့် ပိဿာချိန် (၄၄၀)ပိဿာအား ကလျာရာနီရပ်ကွက်နေ ပြည်သူများသို့ရောင်းချပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA (ပဲခူး)