စားဖိုချောင်သုံးသီးနှံဖြစ်သော ကြက်သွန်နီသည် ပေါ်စအချိန် ဖေဖော်ဝါရီလတွင် ဝယ်ယူသုံးစွဲမှု အများဆုံးဖြစ်ကာ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်ကားဈေးနှုန်း (၁၈၀၀)ကျပ်ရှိရာ ကြက်သွန်နီလှိုင်လှိုင်ပေါ်ချိန် မတ်လတွင် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀)ကျပ် လက်ကားဈေးနှုန်း (၁၄၀၀)ကျပ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ သင်္ကြန်မတိုင်မီကာလ ဧပြီလဆန်းပိုင်းတွင် အလှူအတန်းများရှိခဲ့၍ ဝယ်လက်များခဲ့သော်လည်း ဈေးမြင့်တက်မှုမရှိခဲ့ဘဲ သင်္ကြန်ကာလကျော် ဧပြီလတတိယပတ်တွင် ကြက်သွန်နီဈေး တစ်ပိဿာ (၁၈၀၀)ကျပ် ၊ လက်ကားဈေးနှုန်း တစ်ပိဿာ (၁၆၅၀) ကျပ်ရှိသဖြင့် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ နှစ်စဉ်သင်္ကြန်အကျော်ကာလများတွင် ဈေးမြှင့်တက်ခဲ့ရခြင်းမှာ လှောင်လက်များလာခြင်းနှင့် တောင်သူလက်ဝယ် နည်းပါးလာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။
DOCA (ပဲခူး)