ရှမ်း(တောင်)မှ ဖယောင်းပန်းမျာကို များသောအားဖြင့် ပင်းတယရွှေဝါ ဟုခေါ်ဆိုကြပြီး ရှမ်း(တောင်) ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြပေသည်။ ပင်းတယရွှေဝါ သို့မဟုတ် ဖယောင်းပန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အဓိကစိုက်ပျိုးသောဒေသများမှာ ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ တောင်ကြီး၊ ရွှေညောင်၊ ဟိုပုံး စသည့်ဒေသများတွင် စိုက်ပျိုးလေ့ရှိပေသည်။ တစ်နှစ်မှတစ်ခါသာ ပွင့်သော ပန်းအမျိုးအစား ဖြစ်ပါသည်။ ဖယောင်းပန်း၏ ပုံသဏ္ဍာန်မှာ ရိုးတံရှည်ရှည်နှင့် ရိုးတံ၏ထိပ်ဖူးတွင် အဝါအပွင့် အသေးလေးများ ပွင့်လျက်ရှိကြပြီး သင်းပျံသော အနံရှိသောကြောင့် ပင်းတယရွှေဝါဟုလည်း အမည်တွင်ပေသည်။ ပင်းတယရွှေဝါ (ခေါ်)ဖယောင်းပန်းမှာ တန်ခူးလတွင် အထွက်များလေ့ရှိကြပြီး ထိုအချိန်တွင် ရှမ်း(တောင်) ဈေးကွက်အတွင်းသို့ ရောက်ရှိကြပြီး ဈေးကောင်းရရှိ လျက်ရှိကြပေသည်။ လက်လီဈေး အနေဖြင့် အဖူးပါ (၁ ဖူး) ၁၀ ပင် တစ်စည်းကို ၄၀၀ဝိ/- ကျပ်ဖြင့်လည်ကောင်း၊ အဖူးပါ (၂ ဖူး) ၁၀ ပင် တစ်စည်းကို ၈၀၀ဝိ/- ကျပ်ဖြင့် လည်ကောင်း၊ လက်ကားဈေးအနေဖြင့် အဖူးပါ (၁ ဖူး) ၁၀ ပင် တစ်စည်းကို ၃၅၀ဝိ/- ကျပ်၊ အဖူးပါ (၂ ဖူး) ၁၀ ပင် တစ်စည်းကို ၆၀၀ဝိ/- ကျပ်ဖြင့်လည်ကောင်း၊ ရှမ်း(တောင်) ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ယခုအခါ ဘုရားပန်းအမျိုးအစားများတွင် ဈေးကောင်းရရှိသော ပန်းအမျိုးအစားဖြစ်ပြီး၊ ရန်ကုန်၊ မန္တလေး ဈေးကွက်များသို့လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)