Main menu

လက်ပံတန်းမြို့၏ မန်ကျည်းသီးဈေးကွက်

Powered by Drupal

        ယခုအချိန်တွင် လက်ပံတန်းမြို့နယ်၌ မန်ကျည်းသီးအသစ်များ ထွက်ပေါ်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (တတိယအပတ်) ဈေးနှုန်းမှာ မန်ကျည်းသီးအဟောင်း အစေ့ထုတ်ပြီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ မန်ကျည်းသီးအသစ် အစေ့ပါတစ်ပိဿာလျှင် (၁၂၀၀)ကျပ်မှ (၁၈၀၀)ကျပ်၊ အစေ့ထုတ်ပြီး မန်ကျည်းသီးအသစ် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၂၈၀၀)ကျပ်ထိ ရှိခဲ့ရာမှ ယခုအပတ် မန်ကျည်းသီးအဟောင်း အစေ့ထုတ်ပြီး  တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်ကြောင်း၊ မန်ကျည်းသီးအသစ်အစေ့ပါ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း၊ အစေ့ထုတ်ပြီး မန်ကျည်းသီးအသစ် တစ်ပိဿာလျှင် (၂၉၀၀)ကျပ်မှ (၃၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် မိုးတွင်းကာလစားသုံးရန်အတွက် ဝယ်ယူနေကြခြင်းများကြောင့်  ဈေးအနည်းငယ်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

DOCA (ပဲခူး)