Main menu

မင်းလှမြို့နယ်ရှိ စပါး ဆန်ဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ စပါးဆန် ဈေးကွက်အခြေအနေမှာ သင်္ကြန်မတိုင်မီ စပါးဆန် ဈေးနှုန်းများ ငြိမ်နေပြီး သင်္ကြန်ကာလအတွင်းနှင့် သင်္ကြန်ပြီးကာလတို့တွင် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည် ။

    ဧပြီလဆန်းပိုင်းတွင် ဆင်းသုခ ၊ မနောသုခ စပါး (၄၆)ပေါင် တင်း၁၀၀လျှင် ၁၄၂၆၀၀၀ ကျပ်ရှိခဲ့ပြီး မနောသုခ ၊ ဆင်းသုခ ဆန်တစ်အိတ်လျှင် ၅၄၀၀၀ကျပ် ၊ ဆန်ကာတင် ရတနာတိုးတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် ၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၈၈၀၀၀ ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။

      ဧပြီလလယ်နှင့် လကုန်ပိုင်းတွင် စပါးဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့ပါသည်။ ဆင်းသုခ ၊ မနောသုခ စပါး (၄၆)ပေါင် တင်း ၁၀၀ လျှင် ၁၄၇၂၀၀၀ ကျပ် ၊         ဆင်းသုခ ၊ မနောသုခ ဆန်တစ်အိတ်လျှင် ၅၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ရတနာတိုးနှင့် ပေါ်ဆန်းမွှေးဆန်များမှာ ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)