Main menu

အဝသောက် (၃၀၀)ကျပ်တန် ကြံရည်

Powered by Drupal

ဆောင်းအကုန်နွေအကူးတွင် အဝသောက်(၂၀၀) ကျပ်တန်မှ ယခုနှစ်တွင် (၃၀၀) ကျပ်ဆိုသည့် ဆွဲဆောင်မှု အပြည့်ဖြင့် ကြံရည်ကြိတ်ရောင်းချပေးနေသော အအေးဆိုင်ကလေးများသည် ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေး ပြည်တော်သာ ကျေးရွာတွင် ရောင်းချလျက်ရှိပါသည်။ စိုက်ပျိုးရောင်းချသူ (၁၅)  ဦးခန့်ရှိပြီး ကြံစည်းလိုက်တင်ပို့ ရောင်းချသူများလည်း ရှိကြောင်း ၊ ကြံစိုက်တောင်သူ တစ်ဦးလျှင် (၁)ဧကမှ (၃)ဧကအထိ စိုက်ပျိုးကြကြောင်း ၊ ယခုနှစ်တွင် သွင်းအားစု ဈေးမြင့်တက်မှုကြောင့် (၁)ဧက ကုန်ကျစရိတ် ခန့်မှန်းကုန်ကျစရိတ်မှာ  အနည်းဆုံး ၈သိန်းခွဲခန့် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၈) သိန်းခွဲခန့်ရရှိကြောင်း သိရသဖြင့် ထက်ဝက်ခန့် အမြတ်ရရှိ ကြောင်း သိရှိရပါသည်။ နှစ်စဉ်ဝါဆိုလတွင် စတင်စိုက်ပျိုးပြီး တပို့တွဲ၊ တပေါင်းလများတွင် ခုတ်ယူရောင်းချရကြောင်း၊ နတ်တလင်း၊ မင်းလှ၊ ဇီးကုန်း၊ လက်ပံတန်းမြို့များသို့ တင်ပို့ရောင်းချကြကြောင်းနှင့် ခရီးသွား ပြည်သူများမှ အဝသောက် (၃၀၀) ကျပ်ဖြင့် အမောပြေ ဝယ်ယူသောက်သုံးနိုင်ကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(ပဲခူး)