Main menu

တစ်နိုင်တစ်ပိုင်ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင် ၊  ကြို့ပင်ကောက်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည် (၁၉.၄.၂၀၂၃)ရက်နေ့ ၊  နံနက် ၁၁:၀၀ နာရီအချိန်တွင် ပျဉ်ထောင်တွင်းအုပ်စု ၊ နွယ်ခွေရပ်ကွက် ၊ မြရတနာလမ်းရှိ ပြောင်းစိုက်တောင်သူ ဦးသိန်းစိုးနှင့် တွေ့ဆုံ၍ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေတို့ကို သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။

        တောင်သူဦးသိန်းစိုးမှ ယခုနှစ်တွင် ပြောင်းဖူး စိုက်ဧကတစ်ဝက်ကို စိုက်ပျိုးထားရှိကြောင်း ၊ စိုက်ပျိုးရာတွင် တောင်သူမှ ပြောင်းဖူးမျိုးကောင်းမျိုးသန့်စေ့ (၅၀၀) ဂရမ်ပါ မဟာရွှေ ၁၇၅၉ တစ်ဘူးကို (၃၅၀၀၀) နှင့် နှစ်ဗူး Miki အဖြူမျိုးအထုပ် (၁၀)ထုပ်၊ တစ်ထုပ်လျှင် (၁၈၀၀) ဖြင့် ဝယ်ယူစိုက်ပျိုးရပါသည်။ ဘူးထဲတွင်ပါရှိသော မျိုးစေ့များ အားလုံးအောင်မြင်ကြပါသည်။ ယင်းမျိုးစေ့များကို ၈ နာရီကြာ ရေစိမ်ပြီး မျိုးစေ့ကို ဆယ်ယူကာ စွပ်ကျယ်ဖြင့် (၂) ရက်ခန့် ထုပ်ထားရပါသည်။ အစို့လေးများ ထွက်လာချိန်တွင် စတင် စိုက်ပျိုးရပါသည်။ ပြောင်းဖူးမှာ အရွယ်အစား ကြီးမားညီညာပြီး ဈေးကွက်အတွင်း ကြိုက်နှစ်သက်ကြပါသည်။ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး အဖူးထိပ်ဖက်အထိလုံ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းပါသည်။ အပင်သန်စွမ်းပြီး အပင် ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိပါသည်။ ပြောင်းသားအစေ့အဆံ နူးညံ့ပြီး အထားခံကာ အဝေး သယ်ယူခံနိုင်သောကြောင့် ပြောင်းအချို မျိုးကောင်း မျိုးသန့်ဖြစ်ပါသည်။

     ပြောင်းစိုက်ပျိုးရာတွင် ဧကတစ်ဝက်ကို မြောင်း ၁၃ မြောင်းဖော်ပြီး စိုက်ပျိုး၍ တစ်ပင်နှင့် တစ်ပင်ကို (၉) လက်မ ခွာ၍ စိုက်ရပါသည်။ မြောင်းတစ်တန်းနှင့် တစ်တန်းကို (၄)ပေတန်းခြား စိုက်ပျိုးရပါသည်။ ပြောင်းဖူး ပင်ကို  တစ်ပတ်တစ်ခါ ကန်မှ စက်ဖြင့် ရေတင်၍ ရွှဲရွှဲ လောင်းပေးရပါသည်။ ပြောင်းဖူးပင် အမြင့်မှာ (၆) ပေ ကျော်ခန့်မြင့်ပါသည်။ မြေသြဇာအနေဖြင့် မြေဆီ ၁၅ ပေ ပတ်လည် တစ်ပိဿာ ကို  (၃၀၀၀) ကျပ်နှင့် ၁၀ ပိဿာ ကို (၃၀၀၀၀) ကျပ် ၊ ပိုးသတ်ဆေး တစ်ထုပ်ကို (၁၂၀၀၀) ကျပ်နှင့်  (၃)ထုပ် ကို (၃၆၀၀၀) ကျပ်ဖြင့် သုံးစွဲရပါသည်။ကိုယ်တိုင်စိုက်ပျိုးပြီး လုပ်သားမငှားရမ်းပဲ မိသားစုလုပ်သား (၄) ဦးဖြင့် လုပ်ကိုင်ကြောင်း သိရပါသည်။

     ဇန်နဝါရီလတွင် ပြောင်းဖူးကို စတင်စိုက်ပျိုးပြီး ဧပြီလတွင် ခူးဆွတ်ရပါသည်။ တစ်ကြိမ်ခူးဆွတ်လျှင် အဖူးရေ (၄၅၀) မှ (၅၀၀) အထိ တစ်နှစ်ပတ်လုံး (၅) ကြိမ် မှ (၆) ကြိမ်လောက် ခူးဆွတ်ရရှိကြောင်း သိရှိရပါသည်။

   ပြောင်းဖူးဈေးကွက်အနေဖြင့် သကြားပြောင်းဖူး (၃) ဖူးကို (၁၀၀၀) ကျပ်၊ ပြောင်းအဖြူပြောင်း (၄) ဖူးကို (၁၀၀၀)ကျပ် ၊ အဖူးချော (၃) ဖူးကို(၁၀၀၀) ကျပ်နှင့် မြို့တွင်းညနေခင်းဈေးတွင် ကိုယ်တိုင် ရောင်းချကြပါသည်။အကျိုးအမြတ်အနေဖြင့် ဧကဝက် ကုန်ကျစရိတ်မှာ (၂၀၀၀၀၀) ကျပ်သာကုန်ကျပြီး (၇၀၀၀၀၀) ခန့်ရရှိကြောင်း ပြောင်းစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)