(၂၄-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ ရက္ကန်းသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ရက္ကန်းသင်တန်းကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စာဖတ်ခြင်းအကျိုးကျေးဇူးနှင့်ပတ်သက်၍ သိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုအကြောင်းသိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သည့်အကြောင်းအရာများ၊ Online Shopping နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့်နေရာများ၊ Website ၊ Facebook Page Call Center နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)