Main menu

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ ရေစကြိုမြို့ရှိ ကျေးရွာများနှင့် ညောင်တော၊ ကူတုတ်ရွာများမှ သီးနှံအများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      ရေစကြိုမြို့မဈေးတွင် (၂၀-၄-၂၀၂၃ မှ ၂၄-၄-၂၀၂၃) ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသောအခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (ပင်ထောင်သီး)(၁)ပိဿာလျှင် ကျပ် (၁၈၀၀ မှ၂၀၀၀)ထိ၊ ခရမ်းချဉ်သီး(အင်းသီး)(၁)ပိဿာလျှင် ကျပ်(၂၂၀၀ မှ၂၄၀၀)ထိ၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀ မှ ၁၂၀၀)ထိ၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၆၀၀ မှ ၂၈၀၀)ထိ၊ မျှစ်(၁)ပိဿာလျှင် ကျပ် (၂၆၀၀ မှ ၂၈၀၀)ထိ၊ ပဲသီးရှည်(၁)ပိဿာလျှင် ကျပ်(၁၄၀၀ မှ ၁၅၀၀)ထိ၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၃၀၀)ထိ၊ ဆင်ခြေယာငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၁၀၀၀)ထိ၊  ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀ မှ ၁၄၀၀)ထိ၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၅၀၀၀)ထိ၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၅၀၀၀)ထိ၊ ချင်းတက်(၁)ပိဿာလျှင် ကျပ် (၂၃၀၀ မှ ၂၄၀၀)ထိ၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀ မှ ၂၅၀၀)ထိ၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၇၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၅၀)၊ မန်ကျဉ်းသီးမှည့်အစေ့လွတ်(၁)ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)ထိ၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၅၀၀ မှ ၈၀၀၀)ထိ၊ ကုလားပဲခြမ်း(အနီဆံ)(၁)ပြည်လျှင် ကျပ်(၆၀၀၀ မှ ၆၄၀၀)ထိနှင့် ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀ မှ ၅၅၀)ထိ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)