မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် (၂၀-၄-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၄/၂၀၂၃) အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ရာ ဝန်ထမ်း(၂၀)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒု-ဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဋ္ဌာန်းချက်ပါ အခန်း(၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅)ကို ဆွေးနွေးခဲ့ရာ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ အခန်း(၁၃) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၄) ဝန်ဆောင်မှုလုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ အခန်း(၁၅) ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဒု-ဦးစီးမှူး ဒေါ်ခင်သူဇာက စားသုံးသူတိုင်ကြားမှုနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့် အရေးယူမှုဆိုင်ရာညွှန်ကြားချက်အမှတ် (၂/၂၀၂၂) ကို အသေးစိတ်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)