Main menu

နတ်မောက်မြို့၊ မြို့မဈေး၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် နတ်မောက်မြို့နယ်တာဝန်ခံသည် (၂၄-၄၀-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီချိန်၌ နတ်မောက်မြို့၊ မြို့မစျေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသောစားသောက်ကုန်များအား စျေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  နတ်မောက်မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ(ဒု-ဦးစီးမှူး)က စျေးဆိုင်များ၌ ကုန်ပစ္စည်းရောင်းချသူများလည်း စားသုံးသူများဖြစ်ကြောင်း၊ ဒေသခံဝယ်ယူအားပေးကြသော ပြည်သူများမှာလည်း စားသုံးသူများဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်စေလိုပါကြောင်း၊  တားမြစ်ထားသောစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကိုလည်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)