Main menu

ငုံးမွေးမြူရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု - ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၂) ဦးတို့သည် ဧပြီလ(၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ငုံးမွေးမြူရေး လုပ်ငန်းရှင် ဦးဇော်မြင့်+ဒေါ်မာမာမြင့်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ငုံးမွေးမြူရေးလုပ်ငန်းကို ၂၀၂၂ ခုနှစ်မှစတင်၍ တစ်ကောင်လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ငုံးကောင်ရေ ၁၂၀၀၀ စတင်မွေးမြူခဲ့ပါကြောင်း၊ ငုံးစမွေးချိန်တွင် မီးကိုင်ကာလ ၁၀ ရက် ကြာမြင့်ပါကြောင်း၊ မီးကိုင်ကာလတွင် မီးသွေးအိတ် ၇၀ ကျော်၊ စပါးခွံ ၅၀ အိတ် အသုံးပြုရပြီး မီးသွေးတစ်အိတ်လျှင် ၆၀၀၀ ကျပ်နှင့် စပါးခွံတစ်အိတ်လျှင် ၁၃၀၀ ကျပ်ဖြစ်ပါကြောင်း၊ မီးကိုင်ပြီးတစ်လအကြာတွင် ငုံးများကို စင်ပေါ်သို့ တင်ရပြီး ငုံးဥများ မကွဲစေရန်နှင့် အချင်းချင်း ထိုးဆိတ်မှုမရှိစေရန်အတွက် နှုတ်သီးများကို ဖြတ်ပေးရပါကြောင်း၊ နှုတ်သီးဖြတ်ခမှာ တစ်ကောင်လျှင် ၁၂၀ ကျပ်နှင့် လုပ်သားသုံးဦး ကုန်ကျပါကြောင်း၊ တစ်လနှင့် ငါးရက်အတွင်း ငုံးဥ စတင်အစမ်းဥပြီး နှစ်လခန့်အကြာတွင် အကောင်စုံ ဥကာ ၁၁ လအထိ ဆက်တိုက်ဥကြောင်း၊ ငုံးစာများကို မုံရွာမြို့အောင်ချမ်းသာရပ်ကွက် ပန်းချယ်ရီပွဲရုံမှ ဝယ်ယူပြီး ငုံးစမွေးချိန်မှစ၍ အစာစရိတ်အတွက် သိန်း(၂၀)စပေါ် တင်ထားရပါကြောင်း၊ ငုံးစာတစ်အိတ်လျှင် (၃၀) ပိသာပါပြီး (၅၃၀၀၀)ကျပ်ပေးရပါကြောင်း၊ အစာကိုတစ်နေ့(၄)ကြိမ်ကျွေးပြီး တစ်ရက်(၇) အိတ် ကုန်ပါကြောင်း၊ ငုံးအားဆေးအမျိုးအစားမှာ AQVIT – C နှင့် MULTIVITA နှစ်မျိုးကို ရေနှင့် ဖျော်၍ တိုက်ရပါကြောင်း၊ ငုံးဥကောက်ယူရာတွင် ညနေ ၁နာရီမှ ၆ နာရီကြားတစ်ကြိမ်၊ ည ၈ နာရီတွင်တစ်ကြိမ် ကောက်ယူပါကြောင်း၊ တစ်နေ့တွင် ပျမ်းမျှအားဖြင့် ငုံးဥအလုံးရေ (၉၀၀၀)နှင့်(၉၅၀၀)အကြား ဥပါကြောင်း၊ ငုံးဥဈေးနှုန်းမှာ ဒိုင်သွင်းလျှင် အကောင်းတစ်လုံးကို ၅၅ ကျပ် ရရှိပါကြောင်း၊ အနာအဆာရှိသော ငုံးဥများကို တစ်လုံး ၄၀ ကျပ်ဖြင့် ပြင်ပသို့ ရောင်းချ ပါကြောင်း၊ ငုံးများ ပိုမိုဥစေရန် ငုံးခြံအတွင်း သီချင်းများ ဖွင့်ပေးထားရပါကြောင်း၊ ရာသီဥတု ပူပြင်းပါက ငုံးသေဆုံးမှုများကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှ ၃ ကောင်မှ ၅ ကောင်အကြား သေဆုံးပြီး တစ်ပတ်လျှင် ၁၀ ကောင်နှင့် ၁၅ ကောင်ကြားသေဆုံးပါကြောင်း သေဆုံးသည့်အကောင်ကို ဝယ်သူများမှ ငုံးခြံသို့ လာရောက်ဝယ်ယူကြပြီး တစ်ကောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)