Main menu

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်၏ ဧပြီလတတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျှက်ရာ ဧပြီလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပဲစဉ်းငုံ၊ မတ်ပဲ၊ ကုလားပဲနှင့် ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

ပဲစဉ်းငုံ

   ပဲစဉ်းငုံမှာ ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလတတိယပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ဧပြီလ၊ တတိယပတ်တွင် ပဲစဉ်းငုံ(နီ)နှင့် ပဲစဉ်းငုံ(ဖြူ)နှစ်မျိုးလုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၇၄၅၀ဝိ/-) ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/(၁၀)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံ(ဖြူ)တစ်တင်းလျှင် (၇၁၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/(၁၀)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ ယခင်အပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၇၄၀၀ဝိ/-)သာ ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၅၀ဝိ/-) ဈေးပိုခဲ့ကြောင်းနှင့် အဝင်နည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မတ်ပဲ

     မတ်ပဲမှာ ဇန်နဝါရီလ ပထမအပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလ၊ တတိယပတ်၌ မတ်ပဲတစ်တင်းလျှင် (၆၅၀၀ဝိ/-)ပေါက်ဈေးရှိခဲ့ကြောင်း၊  အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/(၁၅)တန်       ဖြစ်ကြောင်း၊ မတ်ပဲမှာ ယခင်နှစ်ကာလတူနှင့် ယခင်အပတ်တွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

ကုလားပဲ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး ဧပြီလ၊ တတိပတ်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဧပြီလ တတိယပတ်အတွင်း ကုလားပဲ(V2)တစ်တင်းလျှင် (၇၂၀၀ဝိ/-)ပေါက်ဈေးရှိ၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀)တင်း/ (၅)တန်ဖြစ်ကြောင်း၊ ကုလာပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူ တွင်အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊  ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2) တစ်တင်းလျှင်(၆၇၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက်တစ်တင်းလျှင် (၅၀၀ဝိ/-) ဈေးမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)