စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အခြေခံစားကုန်ဈေးနှုန်းများကို တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးသည် သင်္ကြန်ကာလမတိုင်မီ ဧပြီလပထမပတ်၌ တစ်ပိဿာလျှင်(၁၂၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ သင်္ကြန်ကာလအတွင်းမှစ၍ ဈေးနှုန်းမြင့်တက်လာပြီး တစ်ပိဿာလျှင်(၂၈၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သင်္ကြန်ကာလ ပြီး၍ ဧပြီလ တတိယပတ်တွင်လည်း တစ်ပိဿာလျှင်(၂၈၀ဝိ/-)ဖြင့်သာ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်သော်လည်း ခရမ်းချဉ်သီးမှာ အိမ်ရှင်မများအတွက် မသုံးမဖြစ်သည့်သီးနှံဖြစ်သဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်း၊ ဈေးနှုန်းသိသိသာသာမြင့်တက်ရခြင်းမှာ ဒေသထွက်ခရမ်းချဉ်သီးနည်းပါးခြင်းကြောင့် အခြားဒေသများမှ သယ်ယူရောင်းချရသဖြင့် သယ်ယူ ပို့ဆောင်ခကုန်ကျစရိတ်များကြောင့်ဖြစ်နိုင်ကြောင်း ရောင်းချသူများနှင့် သယ်ယူပို့ဆောင်သူများထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)