မန်ကျီးပင်သည် နေရာမရွေး၊ ဒေသမရွေးစိုက်၍ရပြီး အရိပ်ရသည့်အပင်ဖြစ်ရာ အရွက်မှစ၍ မန်ကျီးသီးမှည့်သည့်အချိန်ထိ အသုံးဝင်သော အသီးဖြစ်သည်။ မန်ကျီးရွက်သည် တန်ခူးလမှ စတင် ၍ အရွက်များနုသည်ဖြစ်ရာ မန်ကျီးရွက်နုနုလေးများကို ချဉ်ရေအဖြစ် ကျိုချက်၍သော်လည်း ကောင်း၊ သုပ်စား၍သော်လည်းကောင်း အသုံးပြုကြသည့်အပြင် နှစ်ပေါက်စားသုံးရန် ဖန်ဘူးဖြင့် မန်ကျီးရွက်များကို အချဉ်သိပ်၍ မန်ကျီးချဉ်အဖြစ်လည်း အသုံးပြုကြပါသည်။ ဧပြီလ လကုန်ပတ်တွင် ဖြစ်ပေါ်နေသော ပေါ်ဦးပေါ်ဖျားမန်ကျီးရွက် ဈေးနှုန်းမှာ (၁)ဆယ်သားလျှင် (၁၀၀ဝိ/-) ကျပ် ဖြစ်ပြီး (၁)ပိဿာလျှင် (၁၀၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
DOCA(စစ်ကိုင်း)