Main menu

ဟင်းငုတ်ပွင့် (ခေါ်) သခွတ်ပွင့်

Powered by Drupal

    သခွတ်ပင်သည် အပူပိုင်းဒေသဖြစ်သည့် နေရာများတွင် ပေါက်ရောက်လျက်ရှိရာ သခွတ်ပွင့်ခြောက်သည် အစာအဟာရအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်သော်လည်းကောင်း ဆေးဘက်ဝင်သည့် အပင်ဖြစ်သလို လက်ဆောင်အဖြစ်ပေး၍သော်လည်းကောင်း အသုံးဝင်သောအပင် ဖြစ်ပါသည်။ သခွတ်ပွင့်သည် တန်ခူးလမှ စတင်၍ ပေါ်သည်ဖြစ်ရာ ဝါဆိုလအထိ ပွင့်သော အပင် ဖြစ်ပါသည်။ သခွတ်ပွင့်၏ သဘောသဘာဝသည် မိုးသံကြားပါက သခွတ်ပွင့်ခြောက်သည် မဲတက်၍ သခွတ်ပွင့်ကို နေပူပူတွင် ခြောက်သွေ့အောင်လှမ်း(၂)ရက် လှမ်းရပါသည်။ သို့မှသာ ရောင်းတန်းဝင်ပါသည်။ ဧပြီလ လကုန်ပတ်တွင် ဖြစ်ပေါ်နေသော ပေါ်ဦးပေါ်ဖျား သခွတ်ပွင့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀ဝိ/) ကျပ်နှင့် တစ်ဆယ်သားလျှင် (၁၅၀ဝိ/-)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(စစ်ကိုင်း)