Main menu

မြို့သစ်မြို့၊ စည်ပင်သာယာဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့်အန္တရာယ်ကင်းသည့်စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  ကုန်အညွှန်းအမှတ်အသားများနှင့် စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် (၁၉-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စည်ပင်သာယာစျေးသို့သွားရောက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

  အဆိုပါဆွေးနွေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ဈေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)